အပျိုရံ/ဆယ်ဦး ပုံဥပမာ
25
ကောင်းကင်/နိုင်ငံတော်/၏ သဘောသဘာဝ/သည် ဤ/အဖြစ်အပျက်/နှင့် တူ၏။ အပျိုရံ/ဆယ်ဦးတို့/သည် ဆီမီးခွက်များ/ကို ကိုင်ဆောင်/လျက် သတို့သား/အား ကြိုဆို/ရန် ထွက်သွားကြ၏။ 2 ထို/ဆယ်ဦး/မှ ငါးဦး/သည် ပညာသတိမဲ့သော/သူများ/ဖြစ်ကြပြီး ကျန်/ငါးဦး/သည် ပညာသတိရှိသော/သူများ ဖြစ်ကြ၏။ 3 ပညာသတိမဲ့သော/အပျိုရံတို့/သည် မိမိတို့/၏ ဆီမီးခွက်များ/ကို ယူဆောင်ခဲ့/သော်လည်း ဆီ/အပို/ကိုမူ မယူခဲ့ကြ။ 4 ပညာသတိရှိသော/အပျိုရံတို့/မှာမူ မိမိတို့/၏ ဆီမီးခွက်များ/နှင့်အတူ ဆီ/အပိုများ/ကိုလည်း ဘူး/ထဲ/၌ ယူခဲ့ကြ၏။ 5 သတို့သား/သည် ရောက်လာ/ရန် ကြန့်ကြာ/သောအခါ သူတို့/အားလုံး/သည် ငိုက်မျဉ်း/ကာ အိပ်ပျော်သွားကြ၏။6 သန်းခေါင်ယံ/အချိန်/၌ ‘သတို့သား ရောက်လာပြီ။ သူ့/အား ထွက်/၍ ကြိုဆိုကြလော့’ ဟူသော အော်ဟစ်သံ/ကို ကြားကြ/သောအခါ 7 အပျိုရံ/အားလုံးတို့/သည် ထ/၍ မိမိတို့/၏ ဆီမီးခွက်များ/ကို အသင့်/ပြင်ကြ၏။ 8 ထိုအခါ ပညာသတိမဲ့သော အပျိုရံ/ငါးဦး/က ‘ငါတို့/၏ ဆီမီးခွက်များ ငြိမ်းတော့မည်/ဖြစ်/၍ ဆီ/အနည်းငယ် ပေးကြပါ’ ဟု ပညာသတိ/ရှိသော အပျိုရံတို့/ထံ တောင်းကြ၏။
9 သို့သော် ပညာသတိ/ရှိသော အပျိုရံတို့/က ‘ငါတို့/အားလုံး/အတွက်/ဆိုလျှင် ဆီ/မလုံလောက်ပါ။ ဆီရောင်းသော/သူတို့/ထံသာ သွား/၍ သင်တို့/အတွက် ဝယ်ယူကြပါ’ ဟု ပြန်ပြောကြ၏။
10 ပညာသတိမဲ့သော အပျိုရံတို့/သည် ဆီ/ဝယ်/ရန် သွားနေကြ/စဉ် သတို့သား/ရောက်လာ၏။ အဆင်သင့်/ရှိနေသော အပျိုရံတို့/သည် သတို့သား/နှင့်အတူ မင်္ဂလာဆောင်ပွဲ/သို့ ဝင်သွား/ပြီးနောက် တံခါး/သည်လည်း ပိတ်လေ၏။ 11 ထို့နောက် ပညာသတိမဲ့သော/အပျိုရံတို့/သည် ရောက်လာ/၍ ‘သခင်… သခင်… ကျွန်မတို့/အား တံခါး/ဖွင့်ပေးပါ’ ဟု တောင်းဆိုကြ၏။
12 သို့သော် သတို့သား/က ‘သင်တို့/ကို ငါ/မသိ’ ဟု ပြန်ပြော၏။
13 သို့ဖြစ်၍ သင်တို့/သည်လည်း သတိ/နှင့် စောင့်နေကြလော့။ အဘယ်ကြောင့်ဆိုသော် ငါ/ပြန်လာမည့် နေ့ရက်/နှင့် အချိန်/နာရီ/ကို သင်တို့/မသိ/သောကြောင့်/ဖြစ်၏။
အစေခံ/သုံးဦး ပုံဥပမာ
14 တစ်ဖန် ကောင်းကင်/နိုင်ငံတော်/၏ သဘောသဘာဝ/သည် ဤ/အဖြစ်အပျက်/နှင့် တူ၏။ ခရီးထွက်/မည့် လူတစ်ဦး/သည် မိမိ/၏ အစေခံများ/ကို ခေါ်/၍ သူ/၏ ဥစ္စာပစ္စည်းများ/ကို အပ်လေ၏။ 15 ထို/သူ/သည် အစေခံတို့/ကို သူတို့/၏ အရည်အချင်း/နှင့်အညီ တစ်ဦး/အား ငွေငါးပိဿာ၊a နောက်/တစ်ဦး/အား ငွေနှစ်ပိဿာb/နှင့် နောက်ဆုံး/တစ်ဦး/အား ငွေတစ်ပိဿာc ပေးအပ်/ပြီး ခရီးထွက်လေ၏။
16 ငွေငါးပိဿာ/ကို ရသော/သူ/သည် ချက်ချင်း/သွား/၍ အရောင်းအဝယ်/ပြု/သဖြင့် နောက်ထပ် ငါးပိဿာ/ကို အမြတ်ရ၏။ 17 ထို/နည်းတူပင် ငွေနှစ်ပိဿာ ရသော/သူ/သည်လည်း အရောင်းအဝယ်/ပြု/သဖြင့် နောက်ထပ် နှစ်ပိဿာ/ကို အမြတ်ရ၏။ 18 သို့သော် ငွေတစ်ပိဿာ/ကို ရရှိသော/သူ/သည် မြေ/၌ ကျင်းတူး/၍ မိမိ/သခင်/၏ ငွေ/ကို ဝှက်ထား၏။
19 ကာလ/အတန်/ကြာသော် ထို/အစေခံတို့/၏ သခင်/သည် ခရီး/မှ ပြန်ရောက်လာ/၍ သူတို့/နှင့် စာရင်းရှင်းလေ၏။ 20 ထိုအခါ ငွေငါးပိဿာ/ကို ရသော/သူ/သည် အပို/ငါးပိဿာ/ကို ယူဆောင်လာ/၍ ‘သခင်… သခင်/သည် အကျွန်ုပ်/အား ငွေငါးပိဿာ/ကို ပေးအပ်ခဲ့ပါ၏။ ကြည့်ပါလော့။ အကျွန်ုပ်/သည် ငါးပိဿာ/ကို အမြတ်ရပါပြီ’ ဟု လျှောက်၏။
21 သူ/၏ သခင်/ကလည်း ‘ကောင်းပေ၏။ သစ္စာရှိသော/အစေခံ/ကောင်း… သင်/သည် သေးငယ်သော/အမှုကိစ္စ/၌ပင် သစ္စာရှိခဲ့ပြီ။ ထို့ကြောင့် များစွာသော/တာဝန်များ/ကို သင့်/အား ငါ/လွှဲအပ်မည်။ ငါ/၏/စားသောက်ပွဲ/၌ ပါဝင်/ဆင်နွှဲလော့’ ဟု ဆို၏။
22 ငွေနှစ်ပိဿာ/ကို ရသော/သူ/သည်လည်း ရှေ့/ထွက်လာ/၍ ‘သခင်… သခင်/သည် အကျွန်ုပ်/အား ငွေနှစ်ပိဿာ/ကို ပေးအပ်ခဲ့ပါ၏။ ကြည့်ပါလော့။ အကျွန်ုပ်/သည် အပို/နှစ်ပိဿာ/ကို အမြတ်ရပါပြီ’ ဟု လျှောက်၏။
23 သခင်/ကလည်း ‘ကောင်းပေ၏။ သစ္စာရှိသော/အစေခံ/ကောင်း… သင်/သည် သေးငယ်သော/အမှုကိစ္စ/၌ပင် သစ္စာရှိခဲ့ပြီ။ ထို့ကြောင့် ယခု များစွာသော/တာဝန်များ/ကို သင့်/အား ငါ လွှဲအပ်မည်။ ငါ/၏/စားသောက်ပွဲ/၌ ပါဝင်/ဆင်နွှဲလော့’ ဟု ဆို၏။
24 ငွေတစ်ပိဿာ/ကို ရရှိသော/သူ/သည် လာ/၍ ‘သခင်… အကျွန်ုပ်/သည် သခင့်/အကြောင်း/ကို သိပါ၏။ သခင်/သည် ခက်ထန်သော/သူ/ဖြစ်/၍ မိမိ/မစိုက်သော/အရာ/ကို ရိတ်သိမ်းတတ်ပါ၏။ မိမိ/မစိုက်ပျိုးသော/အရပ်/မှ ရိတ်သိမ်းတတ်ပြီး မိမိ/မကြဲဖြန့်သော/အရပ်/မှ စုသိမ်းတတ်ပါ၏။ 25 ထို့ကြောင့် အကျွန်ုပ်/သည် သခင်/၏/ငွေ ဆုံးရှုံးမည်/ကို စိုးရိမ်/သောကြောင့် မြေ/၌ ဝှက်ထားခဲ့ပါ၏။ ကြည့်ပါလော့။ သခင်/၏/ငွေ ရှိပါသည်’ ဟု လျှောက်လေ၏။
26 ထိုအခါ သခင်/ကလည်း ‘မိုက်မဲ/၍ ပျင်းရိသော/အစေခံ… ငါ/သည် မိမိ/မစိုက်ပျိုးသော/အရပ်/မှ ရိတ်သိမ်းတတ်ပြီး မိမိ/မကြဲဖြန့်သော/အရပ်/မှ စုသိမ်းတတ်ကြောင်း သင်/သိ/လျှင် 27 ငါ/၏/ငွေ/ကို ဘဏ်/၌ အပ်ထား/သင့်၏။ ထိုသို့/အပ်/လျှင် ငါ/ပြန်လာ/သောအခါ ထို/ငွေ/ကို အတိုး/နှင့်တကွ ရရှိ/လိမ့်မည်’ ဟု ဆိုလေ၏။
28 ထို့ကြောင့် သခင်/က ‘သူ့/ထံမှ ငွေတစ်ပိဿာ/ကို ယူ/၍ ဆယ်ပိဿာ ရှိသော/သူ/အား ပေးကြလော့။ 29 ရှိသော/သူတို့/အား များစွာ/ထပ်/၍ ပေး/သဖြင့် သူတို့/သည် ကြွယ်ဝကြ/လိမ့်မည်။ မရှိသော/သူတို့/ထံမှ/မူ သူတို့/၌/ရှိသော/အရာ/ကိုပင် သိမ်းယူ/လိမ့်မည်။ 30 ယခု ဤ/အသုံးမကျသော/အစေခံ/ကို အပြင်ဘက်/အမှောင်ထဲ/သို့ နှင်ထုတ်ကြလော့။ ထို/နေရာ/၌ သူ/သည် အံကြိတ်/၍ ငိုကြွေးရ/လိမ့်မည်’ ဟု ဆို၏။
နောက်ဆုံးသော/တရားစီရင်ခြင်း
31 လူသားd/သည် မိမိ/၏/ဘုန်းအသရေ/ကို ဆောင်/၍ ကောင်းကင်တမန်များ/ခြံရံ/လျက် ကြွလာ/သောအခါ ဘုန်းအသရေ/နှင့် ပြည့်စုံသော သူ/၏ ရာဇပလ္လင်/ပေါ်/တွင် ထိုင်တော်မူ/လိမ့်မည်။ 32 ထိုအခါ လူမျိုး/အပေါင်းတို့/သည် သူ/၏/ရှေ့တော်/၌ စုရုံးကြ/လိမ့်မည်။ ထို့နောက် သိုးထိန်း/သည် သိုး/နှင့် ဆိတ်တို့/ကို သီးခြား/ခွဲထား/သကဲ့သို့ လူသား/သည် လူတို့/ကို သီးခြား/ခွဲထား/လိမ့်မည်။ 33 သိုးများ/ကို သူ/၏ လက်ယာတော်/ဘက်/၌ ထား/၍ လက်ဝဲတော်/ဘက်/၌ ဆိတ်များ/ကို ထားတော်မူ/လိမ့်မည်။
34 ထို့နောက် ရှင်ဘုရင်/က သူ/၏ လက်ယာတော်/ဘက်/၌ ရှိသော/သူတို့/အား ‘ငါ့/ခမည်းတော်/၏ ကောင်းချီး/မင်္ဂလာ/ကို ခံစားရ/သူတို့… လာကြလော့။ ကမ္ဘာ/တည်/ကတည်းက/ပင် သင်တို့/အဖို့ ပြင်ဆင်/ထားသော နိုင်ငံတော်/ကို အမွေဆက်ခံကြလော့။ 35 ငါ/သည် ဆာလောင်မွတ်သိပ်/သောအခါ သင်တို့/သည် ငါ့/ကို စားစရာ/ပေးကြ၏။ ရေငတ်/သောအခါ ငါ့/ကို သောက်စရာ/ရေ ပေးကြ၏။ ငါ/သည် ဧည့်သည်/ဖြစ်/သောအခါ ငါ့/ကို သင်တို့/အိမ်/သို့ ကြိုဆို/လက်ခံကြ၏။ 36 ငါ/သည် အဝတ်ဗလာ/ဖြစ်သောအခါ ငါ့/အတွက် ဝတ်စရာ/အဝတ်/ကို ပေးကြ၏။ ငါ/သည် ဖျားနာ/သောအခါ ငါ့/ကို ပြုစုစောင့်ရှောက်ကြ၏။ ငါ/သည် ထောင်ကျ/သောအခါ ငါ့/ထံသို့ လာရောက်/ကြည့်ရှုကြ၏’ ဟု မိန့်တော်မူ၏။
37 ထိုအခါ ဖြောင့်မတ်သူတို့/က ‘သခင်… သခင်/သည် ဆာလောင်မွတ်သိပ်တော်မူသည်/ကို အကျွန်ုပ်တို့/သည် မည်သည့်အခါ/တွင် တွေ့မြင်/၍ ကျွေးမွေးပါသနည်း။ ရေငတ်တော်မူသည်/ကို မည်သည့်အခါ/၌ တွေ့မြင်/၍ သောက်စရာ/ရေ/ကို ပေးဖူးပါသနည်း။ 38 သခင်/သည် ဧည့်သည်/ဖြစ်တော်မူသည်/ကို မည်သည့်အခါ/တွင် တွေ့မြင်/၍ ဧည့်ဝတ်/ကို ပြုဖူးပါသနည်း။ အဝတ်ဗလာ ဖြစ်တော်မူသည်/ကို တွေ့မြင်/၍ ဝတ်စရာ/အဝတ်/ကို ပေးဖူးပါသနည်း။ 39 သခင်/သည် ဖျားနာတော်မူသည်/ကို/လည်းကောင်း၊ ထောင်ကျတော်မူသည်/ကိုလည်းကောင်း အကျွန်ုပ်တို့/သည် မည်သည့်အခါ/တွင် တွေ့မြင်/၍ လာရောက်/ကြည့်ရှုဖူးပါသနည်း’ ဟု ပြန်/၍ လျှောက်ထားကြ/လိမ့်မည်။
40 ရှင်ဘုရင်/ကလည်း ‘သင်တို့/အား ငါ/အမှန်/ဆို၏။ ငါ/၏ ညီအစ်ကို/မောင်နှမများ/ထဲမှ အသေးနုပ်ဆုံးသော/သူ/အား သင်တို့/ပြုစုကြသမျှ/သည် ငါ့/အား ပြုစုခြင်းပင်/ဖြစ်သည်’ ဟု ပြန်/၍ မိန့်တော်မူ/လိမ့်မည်။
41 ထို့နောက် ရှင်ဘုရင်/က လက်ဝဲတော်ဘက်/၌ ရှိသော/သူတို့/အား ‘ကျိန်ဆဲခြင်း/ခံရသော/သူတို့… ငါ့/ထံမှ ထွက်သွားကြလော့။ မာရ်နတ်/နှင့် သူ/၏ နတ်ဆိုးများe/အတွက် ပြင်ဆင်ထားသော/ထာဝရ/မီး/ထဲသို့ သွားကြလော့။ 42 ငါ/သည် ဆာလောင်မွတ်သိပ်/သောအခါ သင်တို့/သည် ငါ့/ကို မကျွေးမွေးကြ။ ရေငတ်/သောအခါ ငါ့/ကို သောက်စရာ/ရေ မပေးကြ။ 43 ငါ/သည် ဧည့်သည် ဖြစ်/သောအခါ ငါ့/ကို သင်တို့/အိမ်/သို့ ကြိုဆို/လက်မခံကြ။ ငါ/သည် အဝတ်ဗလာ/ဖြစ်သောအခါ ငါ့/အတွက် ဝတ်စရာ/အဝတ်/ကို မပေးကြ။ ငါ/သည် ဖျားနာ/သောအခါ/၌/လည်းကောင်း၊ ထောင်ကျ/သောအခါ/၌/လည်းကောင်း သင်တို့/သည် ငါ့/ကို မကြည့်ရှုကြ’ ဟု မိန့်တော်မူ/လိမ့်မည်။
44 ထိုအခါ အဆိုပါ လူများ/ကလည်း ‘သခင်… အကျွန်ုပ်တို့/သည် သခင် ဆာလောင်/မွတ်သိပ်နေတော်မူသည်/ကို/လည်းကောင်း၊ ရေငတ်နေတော်မူသည်/ကို/လည်းကောင်း၊ ဧည့်သည်/ဖြစ်တော်မူသည်/ကို/လည်းကောင်း၊ အဝတ်ဗလာ/ဖြစ်တော်မူသည်/ကို/လည်းကောင်း၊ ဖျားနာတော်မူသည်/ကို/လည်းကောင်း၊ ထောင်ကျတော်မူသည်/ကို/လည်းကောင်း မည်သည့်အခါ/တွင် တွေ့မြင်/၍ အရှင့်/ကို မကြည့်ရှု/မစောင့်ရှောက်ဘဲ နေခဲ့ကြသနည်း’ ဟု ပြန်လျှောက်ကြ/လိမ့်မည်။
45 ရှင်ဘုရင်/ကလည်း ‘သင်တို့/အား ငါ/အမှန်/ဆို၏။ ငါ/၏ ညီအစ်ကိုမောင်နှမများ/ထဲမှ အသေးနုပ်ဆုံးသာ/သူ/အား သင်တို့ မပြုစုသမျှ/သည် ငါ့/အား မပြုစုကြခြင်း/ပင် ဖြစ်သည်’ ဟု မိန့်တော်မူ/လိမ့်မည်။
46 ထို့ကြောင့် ထို/သူများ/သည် ထာဝရ/အပြစ်ဒဏ်ခံရသော/နေရာ/သို့ သွားကြ/လိမ့်မည်။ သို့ရာတွင် ဖြောင့်မတ်သော/သူတို့/မှာမူ ထာဝရ/အသက်ရှင်ရာ နေရာ/သို့ သွားကြ/လိမ့်မည်” ဟု မိန့်တော်မူ၏။